မြန်မာပြည်ကို ရောက်မှ တကယ်ကို ထူးဆန်းနေတဲ့ ကိုဗစ် 19
တကယ်ပြောရရင် ကိုဗစ် 19 ဟာ မြန်မာပြည်ကို ရောက်မှ ထူးဆန်းနေတာအမှန်ပါ မနေ့ညက ဂျပန်က ကိုဗစ် 19 နဲ့ပတ်သက် လက်တွေ့စမ်းသပ်ပြထားတဲ့ Video ဖိုင်ကြည့်ရတယ် Video မှာ ရိုက်ပြထားတဲ့ လက်တွေ့စမ်းသက်ချက်အရဆို ကိုဗစ် 19 ဗိုင်းရပ်စ်ဟာ ရောဂါရှိတဲ့လူနာနဲ့ mask မပါပဲမိနစ် 20 လောက် အတူတကွ စကားပြောမိတယ်ဆိုရင် ကူးဖို့များပါတယ်
ရောဂါရှိတဲ့လူနာကနေ စကားပြောတဲ့အခါ ထွက်လာတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ လေထဲမှာပဲ ခြောက်ပေအကွာကို မိနစ် 20
လောက်ဆိုရင် ပျံ့နှံ့ရောက်ရှိပြီးဖြစ်လို့ အရာဝထ္ထုပေါ်လဲ နာရီတော်တော်များများ ရှင်သန်နိုင်တာမို့ မတော်တဆများ လက်နဲ့ထိတွေ့ကိုင်တွယ်မိပြီးမျက်စိ နှာခေါင်း ပါးစပ်တို့နဲ့ ထိတွေ့မိပြီဆိုရင် ကူးစက်နိုင်တယ်ဆိုတာ သေချာပြထားတယ်
လောက်ဆိုရင် ပျံ့နှံ့ရောက်ရှိပြီးဖြစ်လို့ အရာဝထ္ထုပေါ်လဲ နာရီတော်တော်များများ ရှင်သန်နိုင်တာမို့ မတော်တဆများ လက်နဲ့ထိတွေ့ကိုင်တွယ်မိပြီးမျက်စိ နှာခေါင်း ပါးစပ်တို့နဲ့ ထိတွေ့မိပြီဆိုရင် ကူးစက်နိုင်တယ်ဆိုတာ သေချာပြထားတယ်
ဒါက ဂျပန်က စမ်းသပ်ရိုက်ပြထားတဲ့ video ဖိုင် အခြေအနေဆိုးနေတဲ့ နိုင်ငံတွေဖြစ်တဲ့ အီတလီ စပိန် ပြင်သစ် အမေရိကန်တို့က ဖြစ်ပျက်နေပုံတွေ ပြောဆိုချက်တွေ လိုက်ဖတ်ကြည့်တဲ့အခါလဲ တော်တော်ကို ကူးစက်မြန်တယ်ဆိုတာ သေချာပါတယ်
အမေရိကန်နဲ့ အနောက်နိုင်ငံတချိ့ုကတော့ အခုမှ mask မဖြစ်မနေ တပ်ရမယ်လို့ ပေါ်လစီ ပြောင်းတော့မယ် အရင်ကတော့ နေမကောင်းမဖြစ်ရင် ရောဂါပိုးမရှိရင် mask တပ်ဖို့မလိုဘူး နေမကောင်းတဲ့သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပဲ တပ်ရမယ်ဆိုတာမျိုး အစိုးရက ထုတ်ပြန်ထားတာမျိုး ရှိခဲ့တယ်
ဒါကြောင့်လဲ အခြေအနေဆိုးသွားတာမျိုးလို့ သုံးသပ်နေကြ အနီးစပ်ဆုံး ထိုင်း စင်္ကာပူ ဂျပန်မှာလဲတကျော့ပြန် ခြေနေဆိုးနေ ထိန်းချုပ်နိုင်တဲ့နိုင်ငံတွေရော ထိန်းချုပ်မနိုင်တဲ့နိုင်ငံတွေရော နိုင်ငံတော်တော်များများကြည့်လိုက်ရင် သေချာတာက ဒီရောဂါ ထက်ထားတာထက် ကူးစက်မြန်တယ်ဆိုတာပဲလေ
ဒါဆို ကိုယ့်မြန်မာနိုင်ငံထဲ တချက်ပြန်ကြည့်လိုက်ကြရအောင်လေ အထူးဆန်းဆုံးတစ်ယောက်လို့ ပြောလို့ရတာ လူနာနံပါတ် 1 ပဲ အမေရိကန်ကနေ မတ်လ 13 ရက်နေ့ကတည်းက မြန်မာပြည်ကို ရောက်တယ် ရန်ကုန်ကနေ ကလေး တီးတိန် တောက်လျှောက်သွားခဲ့တယ် 21 ရက်မှာ ဆေးရုံရောက်တယ် 23 မှာ Positive တွေ့တယ်လို့ စစ်ဆေးတွေ့ရှိတယ်
အဲဒီတော့ မတ်လ 13 ကနေ 20 ဒီကြားကာလမှာ သူနဲ့ထိတွေ့ဆက်ဆံလိုက်သူတွေ ဆုတောင်းပွဲလဲ သွားလိုက်သေးသလို စေ့စပ်ပွဲလဲလုပ်သေးသလို လူတွေကြပ်ထုတ်ပြီး ကားလဲတူတူစီးလိုက်သေးတယ် နောက်ဆုံး သူ့ရဲ့ သတို့သမီးမှာတောင် ဘာကူးစက်မူမှ မတွေ့ရဘူးဆိုတော့ နည်းနည်းမဆန်းနေဘူးလား
ကိုဗစ် 19 တကျောပြန်ဖြစ်ဖြစ် ကိုဗစ် 19 ဖြစ်ပွားနေတဲ့ ဘယ်တိုင်းပြည်မဆိုကြည့်လိုက်နော့် ဘာသာရေးအခမ်းအနားတွေ လူစုလူဝေးပွဲတော်တွေကနေ ဖြစ်ကြတယ်ဆိုတာ တွေ့လိမ့်မယ်
ကိုယ့်နိုင်ငံမှာကျ ဘယ်လောက်ထူးဆန်းလဲ လူနာ နံပတ် 1 လဲ ဘာသာရေးဆုတောင်းပွဲ စေ့စပ်ပွဲတွေ လုပ်သွားတယ် ပြီးတော့ ဆုံးသွားပြီဖြစ်တဲ့ လူနာ နံပါတ် 5 နှာခေါင်းကင်ဆာ ရောဂါသည်ဆိုရင်လဲ သြစတြေးလျကနေ စင်္ကာပူကနေတဆင့် မတ်လ 14 ရက်နေ့ကတည်းရောက်တယ်ဆေးရုံကိုရောက်တာ 25 ရက်နေ့ Positive စစ်ဆေး တွေ့ရှိတာ 27 ရက်နေ့ ဒီကြားထဲ ရပ်ကွက်ထဲက ဗလီတွေမှာ ဝတ်ပြုခဲ့တာမျိုး ရှိတယ်လို့ သတင်းတွေဖတ်ရတယ်
အလားတူ ( နံပါတ် 5 ဆီကနေ ကူးတဲ့ လူနာနံပါတ် 10 လဲ ထို့အတူပဲ ) အဲဒီတော့ မထူးဆန်းဘူးလား ဆုံးသွားတဲ့ လူနာ နံပါတ် 5 ဆီကနေ ဆက်ပွားပြန်ကူးတာဆိုလို့ လူနာ နံပါတ် 10 ( တအိမ်တည်းနေသားဖ ) ပဲရှိတယ်
လူစုလူဝေးတွေ ရှိတဲ့နေရာတွေ ရက်ရှည်သွားလာတာတောင် ကြားထဲမှာ တခြားသူတွေကို ဆက်ပွားကူးစက်မူ မရှိဆိုတော့ဒါဟာ နည်းနည်းလေး ထူးဆန်းတယ်လို့ ခံစားနေရတယ် ပြီးတော့ လူနာ နံပါတ် 8 11 12 13 တို့ဟာလဲ ရန်ကုန်အပါ နိုင်ငံတဝှမ်း ရက်ရှည်သွားခဲ့ကြတာ ဆိုက်ကား taxi မြင်းလှည်း အကုန်နီးနီးစပ်စပ် သွားလာခဲ့တာတောင်မှ ဆက်ပွားကူးတာ လူနာနံပါတ် 15 တစ်ယောက်ပဲ ရှိနေတာ မထူးဆန်းဘူးလား
( ဒါဟာလဲ အစိုးရက စစ်ဆေးတွေ့ရှိချက် ထုတ်ပြန်တာမျိုးမရှိသေး ) ပြီးတော့ လူစုလူဝေးနဲ့ တိုးဝှေ့ပြီး ပြန်လာခဲ့တဲ့ မင်္ဂလာဒုံက လူနာနံပါတ် 9 ဆိုရင်လဲ အခုထိ သူ့နဲ့ဆက်စပ်ပြီး မယ်ဆောက်က လူအုပ်ကြီးရော သူနဲ့အတူပြန်လာတဲ့တကားတည်းစီးတဲ့သူတွေရော သူ့မိသားစုတွေပါ ကွာရင်းတိုင်းထားပေမယ့် အခုထိ ဘာမှ မကြားရသေးသလို
လူနာနံပါတ် 4 အမေရိကန်ပြန်ဆိုလဲ ရန်ကုန် မန်းလေး သွားခဲ့ပြီး လူအများစည်းကားရာနေရာတွေ သွားခဲ့တာတောင် ဘာဆက်ပွားကူးစက်မူမှ ထပ်ရှိတာမျိုး မကြားမိသေး အထူးဆန်းဆုံးထဲက နောက်တစ်ယောက်ကတော့ လူနာနံပါတ် 16 ပါ ( စိုးရိမ်နေရတယ်လို့ သတင်းတွေဖတ်ရ )
ဒီကြားထဲ ဘယ်ချိန်ကတည်းက ဗိုင်းရပ်စ် ကူးစက်ခံရမှန်း မသိသေးပဲ ရပ်ကွက်ထဲနေချင်သလိုနေခဲ့ လူစည်းကားရာ သွားချင်သလိုသွားခဲ့သေးသလို အရေးပေါ်ဆေးရုံရောက်တော့လဲ သူနဲ့ထိတွေ့ဆက်ဆံမိသူ ကျန်းမာရေးဝန်ထမ်းတွေမှာ ဘာကူးစက်မူမှ မဖြစ်ဘူးဆိုတော့ တော်တော်လေးထူးဆန်း
ပြီးတော့ယိုးဒယားမှာ တကျော့ပြန် ပြန်လည်ဆိုးလာချိန် မြန်မာ 2 ဦးပါ Positive တွေ့ရှိလို့ ကြေငြာပြီးနောက် အရေးပေါ်ကာလကြေငြာတော့မယ်လို့ ထုတ်ပြန်ချိန်ကတည်းကနေ တရားဝင် တရားမဝင် ပြန်ဝင်လာနေတဲ့ လူပေါင်းသောင်းချီတွေထဲမှာ အခုထိ ဆိုးဆိုးရွားရွား ထဖြစ်တာမျိုး မရှိသေးတာလဲ ဆန်းကျယ်
ဒီကြားထဲ ကိုဗစ် 19 ဂုဏ်သတ္တိအတိုင်း ကူးစက်မြန်တယ်ဆိုတဲ့ အတိုင်း ကူးစက်ပြတာဆိုလို့ လူနာ 15 ကနေ ကူးစက်တဲ့ လူနာ 17 18 19 20 ပဲ ရှိသေးတယ် ပြောရရင် တော်တော်ကို ထူးဆန်းပြီးကံကောင်းနေတဲ့ တိုင်းပြည်လို့ ပြောရတော့မယ် အပူချိန်မြင့်လို့ အစားအသောက်ကြောင့်ဆိုရင်
အိမ်နီးခြင်း ယိုးဒယားက မြန်မာနိုင်ငံနဲ့ ရာသီဥတု တူသလို အစားအသောက်စားတဲ့အပိုင်း မြန်မာတွေနဲ့သိပ်မကွာ ဒီကြားထဲ မြန်မာက တခုပိုသာတာက မြန်မာနိုင်ငံဟာ ဗိုင်းရပ်စ်အမျိုးမျိုးကြောင့် ဖြစ်တဲ့ ရာသီအလိုက်တုတ်ကွေးတွေနဲ့အကျွမ်းတဝင်ရှိနေတာများလို့ ခန္ဓာကိုယ်ရဲ့ တုတ်ကွေးဗိုင်းရပ်စ် ခုခံတုံ့ပြန်မူပုံစံတွေ ကွာမလား ဒါလေးတခုတော့ မြင်မိတယ်
( 2019 တုန်းကလဲ တစ်ယောက်ဖြစ်ရင် တအိမ်လုံး ဖြစ်တဲ့ ပြင်းထန်တဲ့ ဆင်တုတ်ကွေးကို တနိုင်ငံလုံး ခံစားလိုက်ရသေး ) ဘယ်လိုပဲပြောပြောပါ ကိုဗစ် 19 ရဲ့ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ ကူးစက်မြန်မူပုံစံတွေဟာ မြန်မာပြည်မှာ တော်တော်လေးကိုပဲ ထူးးဆန်းနေတယ်ဆိုတာတော့ တွေးမိသလောက် ချရေးကြည့်တာ
##ခရပ်ဒစ်##
##ခရပ်ဒစ်##
0 Comments