ရန်ကုန် ကုတင် ၅၀ဝ. အထူးကြပ်မတ်ကုသဆောင် နပ်စ်မလေးတေ.ပါးပြင်ထက်က မျက်ရည်လေးက အသက်ပဲ…
ကုတင် ၅၀ဝ. ရန်ကုန် ရဲ့ နပ်စ်မလေးတေအကြောင်းဖတ်ရင်းပုံလေးကြည့်မိတယ်…
နှလုံးသားနဲ့ကြည့်ပါ ….ပါးပြင်ထက်က မျက်ရည်လေးက အသက်ပဲ…
အလှအပ ကိုဘေးချိတ်ပီးရှေ့တန်းတိုက်စစ်ထွက်ရမဲ့သူတွေ အန္တာရယ်ကင်းဘို့လိုတယ် ဘေးကင်းပါစေ ချစ်သမီးတို့…
အမျိုးသမီးတစ်ယောက် ခေါင်းရိတ်ဘို့ ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အမျိုးသမီးတို့ဘုဉ်း ဆံထုံး လို့တောင် ဆိုကြတယ် မဟုတ်ပါလား။
ဒါကို ဂရုမထားနိုင်ဘဲ COVID-19 က ဆံပင်မှာလဲ ကပ်နေတတ်တယ်လို့ သိပြီးတဲ့နောက်မှာ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတာကို မြင်ရတော့ မလေးစားဘဲ မနေနိုင်ပါပြီ။
သူတို့ရဲ့ Sister ကိုယ်တိုင်က စပြီး ရိတ်တာ တဲ့။ ICU Sister နဲ့ မတွေ့ရပေမဲ့ Cheast Medical Ward Sister ပြောပြလို့ သိရတာ။ အပျိုလေး တွေနော်။
သူတို့ ဘယ်မှာ သွားရိတ်ကြတာလဲ မေးတော့ သူနာပြုဆောင်မှာ အချင်းချင်းဘဲ ရိတ်ပေးနေကြတာ တဲ့။ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ယောက် ကတုံးနဲ့ နေတာ မဆန်းပေမဲ့ သူနာပြုတွေထည်း Christian တွေ ပါတယ်နော်။
အာလုံးကိုလေးစားပါတယ်
0 Comments