ဒေါက်တာပြည့်ဖြိုးလှိုင် (ကျိုက်မရောဆေးရုံ)
ရေးတဲ့စာ. .တကယ့်ကို ရင်နာကြေကွဲစရာ လိမ်ရက်ညာရက်လိုက်တာ. . .

Case-27 ကျိုက်မရော ဆေးရုံက Positive လူနာက..အရင် ထိုင်းမှာ စစ်ကတည်းက Resultက Positive ထွက်ပြီးသား ခိုးပြီးပြန်လာတာတဲ့ ။

ကျိုက်မရောဆေးရုံက သူ့အတွက်နဲ့ Quarantineတွေလုပ်၊ Swabတွေယူ၊တဆေးရုံလုံး အလုပ်တွေရှုပ်နဲ့ စောစောကတည်းက အမှန်ကို ပြောပြလိုက်ပေါ့။
အခုတော့ အကုန်လုံး နေရတာ စိတ်ထဲ မသန့် မသန့်နဲ့ Covid-19ဟာ Oropharyngeal Swabမှာ ၁၄ရက်ကြာ ရှိသလို Anal Swab မှာ ၂၈ရက်ထိ ကြာကြာ ရှိနေနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်ကတော့ Stay at Home Self Q လုပ်ပါတော့မယ်…။ပြည်တော်ပြန်များ ခင်ဗျား. .ကျန်းမာရေး ဝန်ကြီးဌာနကသတင်းတွေကို နားထောင်ပါ။ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။
ကျွန်တော့်အမေက ကျွန်တော့်ကို ပြောဖူးတယ် ဘာလဲ ဆိုတော့”မရှိတာထက်မသိတာ ပိုခက်တယ်”တဲ့. .ပြည်တော်ပြန်များ ခင်ဗျား. .”အသိခေါက်ခက်အဝင်နက်တယ် မလုပ်ကြပါနဲ့”
ကျန်းမာရေး ဝန်ထမ်းများအားလုံးကိုကူညီပါ၊ရိုင်းပင်းပါ၊ဝိုင်းဝန်းကြပါ. .လက်ဆေးပါ. .Mask တပ်ပါ. .Stay at Home..မလိမ်ပါနဲ့၊မညာကြပါနဲ့ ခင်ဗျာ။ Dr Pyae Phyo Hlaing