မြောက်အရပ်ဆီက
လေပြေလေ​ညှင်းနဲ့အတူ
ထိတွေ့ ခံစားမိပြန်တော့
တစ်ဆောင်းရောက်ပြန်ပြီ ဆိုတဲ့
အသိစိတ်က 
ရင်ကို စူးစူးနစ်နစ် နက်နက်ရှိုင်းရှိုင်း
လှုပ်ခတ်ရပြန်ပြီ -

နာကျင်နေပေမဲ့
နှလုံးသားက အမှတ်တရများစွာနဲ့
သတိရမိတာတော့ အမှန်ပါ -


မုန်းဖို့  ဆိုတာ
လွယ်ကူပေမဲ့
မေ့ဖို့ဆိုတာ ခက်ခဲလွန်းနေလေတော့
အချိန်ဆိုတာ အတိုင်းအတာ တစ်ခုထိ
ယူရအုံးမယ်ဆိုတာ သေချာပါတယ် -

အချစ်ကို ရိုးသားစွာ
ယုံကြည်မှုနဲ့
ချစ်မိခဲ့သူအတွက် 
ရိုးရှင်းတဲ့ဘဝတစ်ခု
တည်ဆောက်ဖို့ မျှော်လင့်ခဲ့တာပါ -

ဟန်ဆောင်ဖုံးကွယ်ထားတဲ့
အချစ်ရဲ့နောက်ကွယ်က
အတ္တ မာနတွေကို မမြင်မိလိုက်ဖူး -

ဒါတွေကို မမျှော်လင့်မိတဲ့သူအတွက်
 အချစ်ဆိုတာ ဒီလိုလားဆိုတဲ့
အတွေးတွေနဲ့ အရောင်ဆိုးမိတယ် -

ပျော်ရွှင်နေတယ်လို့ ထင်ရတဲ့
အပြုံးတွေရဲ့ နောက်ကွယ်မှာ
နာကျင်နေတဲ့ နှလုံးသားနဲ့
မေ့ဖို့ဆိုတာ တကယ်တော့
မလွယ်မှန်း သိလိုက်ရတဲ့ အချိန်မှာ -

အချစ်ကို အချစ်နဲ့ဘဲ 
ချစ်စေချင်တယ်
ဘာမှမရောထွေးတဲ့
ဖြူစင်နားလည်စွာ နဲ့ ချစ်တဲ့
အချစ်ကိုဘဲ မျှော်လင့်တမ်းတရင်း - --

လေးစားစွာဖြင့် Ko Shine🌻
18-10-2019- Fri