Unicodeယမ်းမှုန့်(Gunpowder)ကိုဘယ်လိုစတင်တွေ့ရှိခဲ့ကြသလဲ?ယမ်းမှုန့်ဆိုတာရှေးခေတ်ကနေအခုခေတ်အထိလူသားတွေအတွက်တစ်ထောင့်တစ်နေရာကတစ်နည်းတစ်ဖုံလိုအပ်တဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ရှေးခေတ်ကတော့စစ်တိုက်ရာမှာအလွန်အင်မတန်အသုံးဝင်ခဲ့တဲ့ပစ္စည်းဖြစ်ပြီးအခုခေတ်မှာတော့စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာအသုံးပြုရုံတင်မကဘဲဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊သတ္ထုမိုင်းတွင်းတွေစတဲ့နေရာတွေမှာမရှိမဖြစ်အသုံးဝင်တဲ့အရာလဲဖြစ်နေပါတယ်။အချို့တိုင်းရင်းဆေးတွေမှာပါယမ်းမှုန့်ကိုအသုံးပြုပြီးဖော်စပ်ကြတာတွေလဲရှိပါတယ်။ဒါဖြင့်ရင်ယမ်းမှုန့်ကဘယ်ကဘယ်လိုစတင်တွေ့ရှိခဲ့တာလဲ?ဘယ်ကတည်းကတွေ့ရှိပြီးလူသားတွေအသုံးပြုနေခဲ့တာလဲ?ယမ်းမှုန့်ကိုစတင်တွေ့ရှိဖော်ထုတ်နိုင်ပုံကတော့အနည်းငယ်ဆန်းပါတယ်။သူ့ကိုအသည်းအသန်ဦးတည်ပြီးသုတေသနပြုရာကနေထွက်ပေါ်လာတာမဟုတ်ဘဲတခြားပစ္စည်းတစ်ခုကိုဖော်စပ်ရာကနေမတော်တဆရှာဖွေတွေ့ရှိသွားခဲ့တာပါ။ဖြစ်ပုံကကျွန်တော်တို့ရဲ့အိမ်နီးချင်းတရုတ်နိုင်ငံကနေစတာပါပဲ။တရုတ်ပြည်ထန်မင်းဆက်ကာလ850ADလောက်မှာသက်ဦးဆံပိုင်ဘုရင်စနစ်အင်မတန်ထွန်းကားပြီးဘုရင်ကသေဆိုသေရှင်ဆိုရှ်ကာလတစ်ခုဖြစ်ပါတယ်။
ကိုယ့်အသက်ကိုယ်မပိုင်ဘုရင်ကသာပိုင်တဲ့ခေတ်ဆိုတော့ဘုရင်တွေဟာအာဏာယစ်မူးပြီးဒီအာဏာကိုသေသွားရင်စွန့်လွှတ်လိုက်ရမှာတောင်မလိုလားတော့ပါဘူး။ထာဝရဘုရင်လုပ်ကာထာဝရအသက်ရှင်ချင်စိတ်တွေထန်မင်းဆက်ဧကရာဇ်စိတ်ထဲမှာဖြစ်ပေါ်နေပါတယ်။ဒါနဲ့ပဲရှေးဘုရင်အဆက်ဆက်ကဖန်တစ်ရာထနေအောင်လုပ်ခိုင်းတဲ့တာဝန်ကြီးဖြစ်တဲ့မအိုမသေဆေးဖော်စပ်ရေးစီမံကိန်းကြီးကိုနာမည်ကျော်အဂ္ဂိရတ်ဆရာတွေသမားတော်တွေကိုလုပ်ခိုင်းပါတော့တယ်။မအိုမသေဆေးရှာဖွေတာဟာ250BCတဝိုက်မှာတရုတ်ပြည်ရဲ့ပထမဆုံးဧကရာဇ်ဖြစ်တဲ့ချင်ရှီဟွမ်(QingShiHuang)ကစတင်ခဲ့တာပါ။သူ့နောက်ဘုရင်အဆက်ဆက်ကလဲမသေဆေးဖော်စပ်ကြတဲ့ရာဇဝင်တွေရှိခဲ့ပါတယ်။ဘုရင်ရဲ့တစ်ချက်လွှတ်အမိန့်ဆိုတော့အားလုံးလဲဘာမှမပြောရဲဘဲမအိုမသေဆေးကိုဖော်စပ်ကြရပါတော့တယ်။ရှေးဘုရင်တွေလက်ထက်ရှေးကသမားတော်ကြီးတွေအသုံးပြုခဲ့တဲ့ပါဝင်ပစ္စည်းတွေကိုပဲနောက်ပေါက်တွေလဲအသုံးပြုကြပြီးထပ်မံဆန်းသစ်ကာမသေဆေးဖော်ကြပါတယ်။အဲ့ပါဝင်ပစ္စည်းတွေထဲမှာထူးထူးဆန်းဆန်းယမ်းစိမ်း(SaltpeterorPotassiumNitrate)ဆိုတာကအမြဲပါနေပါတယ်။တရုတ်ပြည်မှာယမ်းစိမ်းကို250BCလောက်တည်းကစတင်တွေ့ရှိခဲ့ပေမယ့်မသေဆေးဖော်တဲ့ကုန်ကြမ်းတစ်ခုလိုပဲသတ်မှတ်ပြီး850ADရောက်တဲ့ထိဘာအသုံးဝင်မှန်းသေချာမသိခဲ့ကြပါဘူး။တစ်နေ့မှာတော့အဂ္ဂိရတ်ဆရာတွေကောသမားတော်တွေကောစုပေါင်းပြီးမသေဆေးကြီးကိုကြိုးပမ်းဖော်စပ်နေကြပါတယ်။အဲ့ဒီမှာအဂ္ဂိရတ်ဆရာတစ်ယောက်ကယမ်းစိမ်းပမာဏများများနဲ့မီးသွေးအနည်းငယ်၊ဆာလဖာ(Sulphur)အနည်းငယ်တို့ကိုရောနှောပြီးငရုတ်ဆုံထဲထည့်ထောင်းလိုက်ပါတယ်။(နောက်ကျယမ်းမှုန့်ဖော်စပ်နည်းဖော်မြူလာကိုပြုစုမှယမ်းစိမ်း75%မီးသွေး15%ဆာလဖာ10%တို့ကိုရောပြီးထောင်းလိုက်ကြောင်းသိရှိရပါတယ်)အဲ့ဒီအချိန်မှာပဲဖုန်းကနဲပေါက်ကွဲသံကြီးကိုကြားလိုက်ရပြီးမီးတောက်တွေပါပွင့်ထွက်လာကာမီးခိုးတွေအူထွက်လာပြီးမသေဆေးပါရဂူတွေအားလုံးလဲတစ်ကိုယ်လုံးမည်းတူးသွားပါတော့တယ်။ဘာမှန်းမသိဘဲဖြစ်နေတုန်းသူတို့အလုပ်လုပ်နေတဲ့တဲကြီးပါဝုန်းကနဲပြိုကျလာတာအသက်လုပြီးအပြင်ကိုထွက်ပြေးခဲ့ရပါတယ်။မအိုမသေဆေးဖော်စပ်တဲ့ပညာရှင်တွေအားလုံးလဲဘာအကြောင်းကြောင့်ဖြစ်မှန်းမသိဘဲအံ့သြခဲ့ကြပါတယ်။နောက်ပိုင်းမှာမအိုမသေဆေးကိုဘေးခဏချိတ်ပြီးဒီကိစ္စကိုစိတ်ဝင်တစားနဲ့သုတေသနပြုကြပါတယ်။အကြိမ်ကြိမ်အခါခါစမ်းသပ်ပြီးချိန်မှာတော့ယမ်းမှုန့်ဖော်စပ်တဲ့ဖော်မြူလာကိုတီထွင်ပြီးထုတ်လုပ်နိုင်ပါတော့တယ်။မီးသွေးမှုန့်နဲ့ဆာလဖာကိုလောင်စာအနေနဲ့အသုံးပြုပြီးယမ်းစိမ်းကတော့oxidizerသဘောမျိုးထားရှိကာပေါက်ကွဲခြင်းကိုဖြစ်စေပါတယ်။ဒါပေမယ့်ဒီယမ်းမှုန့်ဖော်စပ်တဲ့ဖော်မြူလာဟာလွယ်လွယ်တော့ရခဲ့တာမဟုတ်ပါဘူး။အကြိမ်ပေါင်းများစွာပါဝင်တဲ့အချိုးအစားတွေဘယ်ဟာကိုoxidizerထားပြီးဘယ်ဟာကိုလောင်စာအဖြစ်ထားမလဲစသဖြင့်စိန်ခေါ်မှုအများကြီးကိုဖြတ်သန်းပြီးမှရရှိခဲ့ကြတာပါ။တရုတ်နိုင်ငံဟာယမ်းမှုန့်ကိုမီးရှူးမီးပန်းတွေပြုလုပ်ရာမှာစတင်စမ်းသပ်အသုံးပြုခဲ့ကြပါတယ်။ဒါပေမယ့်စုန့်မင်းဆက်ခေတ်904ADအရောက်မှာတော့ယမ်းမှုန့်ကိုမီးရှူးမီးပန်းလုပ်တဲ့နေရာမှာတင်အသုံးချတာမဟုတ်တော့ပါဘူး။အဲ့ဒီခေတ်ကသူတို့ရဲ့မဟာရန်သူကြီးဖြစ်တဲ့မွန်ဂိုတွေကိုတိုက်တဲ့နေရာမှာစစ်လက်နက်ပစ္စည်းတစ်ခုအဖြစ်စတင်အသုံးချနေကြပါပြီ။မြားတွေရဲ့ထိပ်ဖူးမှာယမ်းမှုန့်ထည့်ထားတဲ့ပုလင်းလေးတွေကိုချိတ်ထားကြပါတယ်။မြားပစ်ခါနီးချိန်ကျရင်ပုလင်းထိပ်ကစနက်တံလေးကိုမီးရှို့ပြီးမြားကိုရန်သူအုပ်ထဲကိုပစ်သွင်းလေ့ရှိပါတယ်။အကျိုးသက်ရောက်မှုကတော့အံ့မခန်းပါပဲ။အဲ့ဒီတီထွင်မှုဟာဗုံးအသေးစားလေး
းတစ်လုံးလောက်ပြင်းထန်ပြီးရန်သူဘက်ကလူတွေကောမြင်းတွေကောပြင်းထန်တဲ့ပေါက်ကွဲသံကြောင့်ကြောက်ရွံ့ထိတ်လန့်ကာဖရိုဖရဲဖြစ်စေပါတယ်။ပထမဆုံးနဖူးတွေ့ဒူးတွေ့ကြုံခဲ့ရတဲ့မွန်ဂိုတွေအတွက်ကတော့ယမ်းမှုန့်ဟာမှော်ဆန်တဲ့အရာတစ်ခုလိုဖြစ်နေပါတယ်။စုန့်မင်းဆက်ခေတ်နောက်ပိုင်းမှာတော့ယမ်းမှုန့်ကိုအဆင့်မြင့်တင်ပြီးဗုံးအငယ်စား၊မြေမြုပ်မိုင်း၊အမြောက်၊ပေါက်ကွဲမီးမြားစသဖြင့်စစ်လက်နက်ပစ္စည်းတွေအမျိုးမျိုးဖန်တီးလာကြပါတယ်။11ရာစုအကုန်လောက်မှာတော့စုန့်ဧကရာဇ်ဟာယမ်းမှုန့်လုပ်တဲ့ဖော်မြူလာကိုနိုင်ငံခြားသားတွေသိမှာစိုးရိမ်လာပြီးယမ်းစိမ်းတွေကိုနိုင်ငံခြားသားတွေကိုရောင်းချတာပိတ်ပင်တားမြစ်လိုက်ပါတယ်။ဒါပေမယ့်လဲဘယ်လောက်ပိတ်ပိတ်ဟာကွက်ဆိုတာရှိစမြဲမို့တရုတ်ပြည်ပိုးလမ်းမကြီးကနေတစ်ဆင့်အိန္ဒိယ၊အိန္ဒိယကတစ်ဆင့်အရှေ့အလယ်ပိုင်းနဲ့ဥရောပအနောက်နိုင်ငံတွေအထိယမ်းမှုန့်လုပ်နည်းတွေဟာပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။တရုတ်ပြည်ရဲ့လျှို့ဝှက်ချက်ဟာဖုံးလို့မရခဲ့ဘဲတစ်ကမ္ဘာလုံးသို့ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့အနောက်နိုင်ငံတွေဟာယမ်းမှုန့်ကိုအသုံးပြုပြီးစစ်တိုက်ရာမှာသေနတ်တွေကိုပါစတင်တီထွင်အသုံးပြုခဲ့ကြပါတယ်။ယမ်းမှုန့်ဟာယနေ့ခေတ်ပေါ်စစ်လက်နက်ပစ္စည်းတွေရဲ့မူလအခြေခံပစ္စည်းပါပဲ။ဆောက်လုပ်ရေးတွေမိုင်းတွင်းတွေအချို့တိုင်းရင်းဆေးဖော်စပ်ရာတွေမှာလဲတွင်ကျယ်စွာအသုံးပြုနေကြပါတယ်။ဆိုးကျိုးတစ်ခုကတော့စစ်လက်နက်တွေရဲ့အခြေခံပစ္စည်းတစ်ခုဖြစ်နေပြီးလူသားတွေပျက်စီးရာပျက်စီးကြောင်းအတွက်လမ်းဖောက်ပေးခဲ့တဲ့အရာတစ်ခုလဲဖြစ်နေပါတယ်။ဒါပေမယ့်ဘယ်အရာမဆိုအကောင်းအဆိုးဟာဒွန်တွဲနေတာမို့အဆိုးကိုတတ်နိုင်သ၍ဖယ်ပြီးအကောင်းတွေကိုကောင်းသည်ထက်ကောင်းအောင်လုပ်ဖို့ကတော့အထူးကိုလိုအပ်လှပါတယ်။
0 Comments