ကွန်ပျုတာ USB Port ကို တခြားသူ သုံးမရအောင် ပိတ်ထားမယ်
📌 ဘာကြောင့် ပိတ်ထားသင့်တာလဲ? ကိုယ်မရှိတဲ့ အချိန်မှာ တခြားသူတစ်ယောက်က USB Stick ထိုးပြီး ကိုယ့် ကွန်ပျုတာထဲက အချက်အလက်တွေကို ယူသွားတာမျိုး မဖြစ်အောင် ပိတ်ထားသင့်ပါတယ်။ ရုံးလိုနေရာမျိုးမှာဆိုရင် ကိုယ့်ကွန်ပျုတာကို ဟိုလူက Stick ထိုး၊ ဒီလူက Stick ထိုးနဲ့ ကြာလာရင် ကိုယ့်ကွန်ပျုတာလည်း Virus ကြောင့် အဆင်မပြေဖြစ်လာရော၊၊
📌 ဒါမျိုး မဖြစ်ရလေအောင်။ မိတ်ဆွေသုံးနေတဲ့ ကွန်ပျုတာရဲ့ USB Port တွေကို ပိတ်ထားလို့ ရပါတယ်။ (ပြန်ဖွင့်လို့ရတဲ့ နည်းလမ်းလေးကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။)
📌 အရင်ဆုံး အနေနဲ့ Run Box ကို ခေါ်ပါ။ ကွန်ပျုတာမှာ Run Box ခေါ်ချင်တယ်ဆိုရင် Windows Keys + R နဲ့ နှိပ်ရပါတယ်။
📌 Run Box ပေါ်လာပြီဆိုရင် regedit လို့ ရိုက်လိုက်ပါ။ ပေါ်လာတဲ့အထဲကမှတဆင့် အောက်မှာ ဖော်ပြထားတဲ့ လမ်းကြောင်းအတိုင်းသွားပါ။
📌 HKEY_LOCAL_MACHINE > System > CurrentControlSet > Services > USBSTOR
📌 USBSTOR ရောက်ရင် ညာဘက်ကPanel ထဲမှာ Start ကိုရှာပါ တွေ့ပြီဆိုရင် Right click နှိပ်ပြီး Modify ကိုရွေးပါ (သို့မဟုတ်) Double click နှိပ်ပါ ... အဲ့ထဲက Value data ဆိုတဲ့အကွက်ထဲမှာ 3 ဖြစ်နေပါလိမ့်မယ် အဲ့ဒါကို 4 ပြောင်းလိုက်ပါ... ပြီးရင်စက်ကို Restart ချပေးလိုက်ပါ ...အဲ့ဒါဆိုရင် သင့် Computer မှာ USB ထိုးလိုက်ရင်ဘာမှတက်လာမှာမဟုတ်တော့ပါဘူး
📌 ဆိုလိုတာက 3 ဆိုတာက enable ၊ 4 ဆိုတာက disable ပါ။ အဲ့တော့ USB ကိုပိတ်ထားချင်တယ်ဆိုရင် အဲ့အကွက်ထဲမှာ 4 ကိုထားပေးပြီး ပြန်ဖွင့်ချင်တယ်ဆိုရင် 3 ကိုပြန်ထားပေးလိုက်ရင်ရပါပြီ။
0 Comments