ဝင်းဒိုး ကွန်ပြူတာ နဲ့ LAN (local area network), အင်တာနက် ကို အသုံးပြု တဲ့ အခါ၊ connection ကျ တဲ့ အခါ မျိုးတွေ ရှိတတ်ပါတယ်၊ အဲဒီ အခါမှာ ဘယ်နေရာ ကြောင့် ဖြစ်လဲ ဆို တာကို ရှာဖွေ စစ်ဆေးရပါမယ်၊ အခု ဖေါ်ပြတဲ့ Windows Network Diagnostic Commands များ က တော့ network troubleshooting အတွက် အသုံး ဝင်ပါလိမ့်မယ်၊ အသိပေး လိုသည် မှာ diagnose လုပ်ရာတွင် ယခု ဖေါ်ပြသော Windows Network Diagnostic Commands များ သာ မက၊ networking အခြေခံ များ ဖြစ်သော IP address, subnet mask, default gateway, DHCP Server, DNS Servers ဆိုတာ တွေကို နားလည်ဖို့ လိုအပ်ပါတယ်၊ ဥပမာ။  ။ subnet mask ဆိုတာ ဘာလဲ? Default gateway ကို ဘယ် အတွက် အသုံးပြုတယ်၊  DHCP Server ဘယ်လို အလုပ် လုပ် လဲ? စ သဖြင့် နားလည် သဘော ပေါက် ရန် လိုအပ်ပါတယ်၊ networking အခြေခံ များ ကို သိ မှ သာ၊ network disgnostic commands များ ကို အသုံးပြု ၍ ဆက်စပ် စဉ်းစား နိုင်ပါလိမ့်မည်၊ ယခု ရေးသား ဖေါ်ပြ ချက် သည် သိနှင့် ပြီးသား သူ များ အတွက် မဟုတ်ပဲ၊ စတင် လေ့လာ မည့် သူများ အတွက် ဖြစ်ပါတယ်။ 

ipconfig ဆိုတဲ့ command က တော့ အသုံးပြုထား တဲ့ network interface တခု (သို့) တခု ထက် ပို တဲ့ network interface များ အတွက်  IP address, subnet mask  နဲ့ default gateway တို့ ကို ဖေါ်ပြပေးနိုင်တဲ့ အတွက် အသုံးဝင်ပါတယ်၊ ကွန်ပြူတာ တလုံးကနေ network, အင်တာနက် တို့ နဲ့ အဆက် အသွယ် ရ မရ diagnose လုပ်ရာ မှာ အရင်ဦးဆုံး စစ်ဆေး သင့် သည် က အဲဒီ ကွန်ပြူတာ အသုံးပြု နေတဲ့ network interface card သည် ရသင့်တဲ့ IP address, subnet mask  နဲ့ default gateway ရ မရကို စစ်ဆေးရပါမယ်၊ အကယ်၍ ရသင့်သော IP address, subnet mask  နဲ့ default gateway မရပါက၊ ဘာကြောင့် မရ သည် ကို ဆက်လက် စစ်ဆေး ရမည် ဖြစ်သည်။

IP address, subnet mask  နဲ့ default gateway စ သည့် အချက် အလက် များ အပြင် network interface ၏ အချက်အလက် များ အား လုံး ကို ပြည့်ပြည့် စုံစုံ သိချင်ပါက “ipconfig /all” ကို အသုံးပြု ၍ ရှာဖွေ နိုင်ပါတယ်၊ ထိုသို့ အသုံးပြုရှာဖွေပါက၊ IP address, subnet mask  နဲ့ default gateway တို့ အပြင် network interface card ၏ MAC address, DHCP Server, DNS Servers တို့ ၏ IP address များ ကိုပါ ဖေါ်ပြပေးမည် ဖြစ်ပေသည်။

“ipconfig /release” “ipconfig /renew” command သည် specific adapter ၏ အမည် ကို ထည့်သွင်း ဖေါ်ပြခြင်း မရှိ ပါက၊ ကွန်ပြူတာ တွင် ရှိသော network interface card အားလုံး ကို “release” လုပ်ပေးခြင်း၊ “renew” လုပ်ပေးခြင်း များ ပြုလုပ် ပေးမည် ဖြစ်သည်၊ “release” လုပ်ပေးခြင်း ဆိုသည် မှာ၊ ကွန်ပြူတာ ၏ network interface card နှင့် bind ဖြစ်နေသော IP address, subnet mask, default gateway, DHCP server, DNS servers များ ၏ အချက်အလက် များ ကို ဖယ်ရှားပစ် လိုက်ခြင်းဖြစ်ပေသည်၊ “renew” လုပ်ပေးခြင်း ဆိုသည် မှာ၊ ကွန်ပြူတာ ၏ network interface card နှင့် bind ဖြစ်နေသော IP address, subnet mask, default gateway, DHCP server, DNS servers များ ၏ အချက်အလက် များ ကို အသစ်တဖန် ရရှိစေ ခြင်းဖြစ်ပေသည်။

ipconfig command ၏ အသုံးပြုပုံ အသေး စိတ်ကို ကြည့်ရန် “ipconfig /?” ကို ရိုက်နှိပ်ရပါမည်။

“ipconfig /flushdns” ဆိုတဲ့ command လည်း ရှိပါသေးတယ်၊ အင်တာနက် အသုံးပြုကြတဲ့ အခါ၊ ဥပမာ။  ။ web server ကို ကြည့် တဲ့ အခါ၊ အဲဒီ web server ၏ “ipaddress” သည် DNS cache မှာ သိမ်းဆည်းထားရပါတယ်၊ DNS cache ကို update မပြုလုပ် ခင်၊ web server ၏ ipaddress ပြောင်းလည်း သွားပါက၊ မကြာသေး ခင် က မှ browse ပြုလုပ်နိုင်သော web server ကို browse လုပ်၍ မရ နိုင်သော အခြေအနေ ကို ကြုံတွေ့ ရနိုင်ပါတယ်၊ အဲဒီ လို အခါမျိုး မှာ “ipconfig /flushdns” ဆိုတဲ့ command က DNS chche  ကို clear လုပ်ပေးပါလိမ့်မယ်၊ “ipconfig /flushdns” ကို run ဖို့ administrator right လိုအပ်ပါတယ်