computer ကို auto shutdownလုပ်နည်း 


ဒီနည်းလေးကတော့ Computer ကို မိမိ ကြိုက်တဲ့အချိန်မှာ Auto Shutdown လုပ်ခိုင်းလို့ရတဲ့ နည်းလေးဘဲဖြစ်ပါတယ်။ အကြောင်းကိစ္စခုခု ပေါ်လာတဲ့အချိန် စက်ကလည်း မိမိလုပ်လက်စအလုပ်မပြီးသေးဘူးဆိုရင် ဒီနည်းလေးက အဆင်ပြေပါတယ်။ လုပ်နည်းလေးကတော့ ရိုးစင်းပါတယ်။ ပထမဦးဆုံး Win Key +R Key ကိုတွဲနှိပ်၍ Runbox ခေါ်ပြီး ပေါ်လာသော Runbox ထဲတွင် Shutdown .exe-s-t 3600 ဆိုပြီး ရိုက်ထည့်လိုက်ပါ။ မှတ်ချက်…3600 နေရာတွင် မိမိကြိုက်တဲ့ အချိန်ကို ပြောင်းလဲသက်မှတ်ပါ။ မိတ်ဆွေသက်မှတ်လိုက်သော အချိန်ရောက်လျှင် စက်ဟာ သူ့အလိုလို ShutDown ကျသွားပါလိမ်မယ်။ အကယ်၍ မိတ်ဆွေ မလိုအပ်တော့လို့ ပြန်ပြောင်းချင်တယ်ဆိုရင် • WinKey+RKey ကိုတွဲနှိပ်၍ Runbox ခေါ်ပြီး ပေါ်လာသော Runbox ထဲတွင် ShutDown.exe-a လို့ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် အဲဒိ့ Process ပျက်ပြယ်သွားပါပြီ။ အဆင်ပြေပါစေ